Hey Guys! It’s time for “Creative Bits:”! ဒီနေ့ရဲ့ Creative Bits session မှာတော့ 70s 80s rock band တစ်ခု ဖြစ်တဲ့ “Journey” ရဲ့ iconic အဖြစ်ဆုံး album artwork အမိုက်စားတွေကို စုစည်းပေးလိုက်ပါတယ်။ Let’s appreciate the artworks, shall we? XD!!
What is Journey?
Journey က 1970 နဲ့ 1980 ခုနှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ rock band တစ်ခုပါ။ Retro သီချင်းတွေ နားထောင်တတ်တဲ့သူဆိုရင် Journey ရဲ့ "Don't stop believin" တို့ "Faithfully" တို့ကို ကြားဖူးကြမယ်ထင်ပါတယ်။ သူတို့ရဲ့ album cover တွေက band ရဲ့ portrait ထက် graphic artwork အလန်းတွေနဲ့ သွားတာများတယ်။ သူတို့ရဲ့ album artwork တွေကလည်း သူတို့ album တွေလိုပဲ နာမည်ကြီးပါတယ်။
သူတို့ရဲ့ Iconic အဖြစ်ဆုံး Album တော်တော်များများကို 70s 80s Rock Album Cover အများစုကို ပင်တိုင်ရေးဆွဲခဲ့တဲ့ Stanley Mouse (right) နဲ့ Alton Kelly(left) တို့က ရေးဆွဲပေးခဲ့ပါတယ်။ They are best known for their awesome psychedellic artworks.
Infinity
Journey ရဲ့ လေးခုမြောက် album “Infinity” က သူတို့ကို အောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ Album တစ်ခု..။ ပိုအောင်မြင်လာအောင် band ကို rebrand လုပ်ဖို့ ကြိုးစားရင်း Journey ရဲ့ Manager “Herbie” နဲ့ JIm Welch ဆိုတဲ့ Artist/ Art director နဲ့တွေ့မိကြတယ်။ Jim Welch ကနေတဆင့် Mouse တို့ Kelley တို့နဲ့ ချိတ်မိပြီး Infinity အတွက် cover art ဆွဲဖို့ ဖြစ်လာပါတယ်။
Jim က album ကို "Infinity" ဆိုတဲ့ နာမည်ပေးပြီး Visual ပိုင်းမှာ Direction နည်းနည်းပေးခဲ့တယ်။ Mouse ရဲ့ airbrush skill တွေကို Kelley ရဲ့ color sense တွေ၊ design sense တွေနဲ့ပေါင်းပြီး ဒီ cover ကို ဖန်တီးခဲ့တယ်။ Main color အနေနဲ့ red၊ blueနဲ့ black ကို တွေ့ရတယ်။ ဒီ album မှာ Journey album တွေရဲ့ Main element တချို့ဖြစ်တဲ့ mobius strip နဲ့ wings တွေ၊ circular shapes တွေ စပါလာတာလည်း တွေ့ရတယ်။ And you can see that the mobius strip is in the shape of "infinity". Awesome, right?
"Evolution" နဲ့ "In the Beginning"
ဒီ Album Art နှစ်ခုကလည်း Mouse နဲ့ Stanley တို့လက်ရာပါပဲ။ Infinity ကိုပဲနည်းနည်းပို modify ထားရုံပါ။
Departure
Another iconic one ကတော့ "Departure"။ Founding member တစ်ယောက်ဖြစ်တဲ့ Gregg Rollie နောက်ဆုံးပါဝင်ခဲ့တဲ့ Album ပေါ့။ ဒီ Album မှာတော့ Journey ရဲ့ Signature လို့ပြောရမယ့် main element "Dung Beetle" ပါလာတာတွေ့နိုင်ပါတယ်။
သုံးသွားတဲ့အရောင်တောက်တောက်စိုစိုတွေ၊ Abstract Art piece တွေကြောင့် ဒီ album က အရင်ဟာတွေထက် ပိုပြီး psychedelic ဆန်တယ်လို့ ထင်မိတယ်။ And this artwork screams 80s to me. ဒီ Artwork ကို ကြည့်လိုက်တာနဲ့လည်း ခရီးတစ်ခုရဲ့ departure ဆိုပြီး ခံစားမိတယ်။
[Fun fact]
"Dung Beetle" သုံးဖြစ်လာပုံကတော့ ဒီ Departure Album မလုပ်ခင် Mouse နဲ့ Kelley တို့က Jimi Hendrix ဆိုတဲ့ 20th century ရဲ့ နာမည်ကြီး Rock guitarists အတွက် တောင်ပံတွေနဲ့ Dung beetle ပါတဲ့ Album Cover ဆွဲပေးဖြစ်တယ်။ ဒါပေမယ့် Jimi ကရုတ်တရက် ဆုံးသွားတယ် ဖြစ်ချင်တော့ Journey ကလည်း Cover လာအပ်ရော။ ဒီလိုနဲ့ that dung beetle ကို journey ရဲ့ project မှာ လာ morphe လုပ်လိုက်တယ်။ For me, i think it was a greatest decision giving birth to this signature art piece that represents Journey. ဒီ Album ကနေစပြီး နောက် Album တွေမှာလည်း Dung Beetle က မပါမဖြစ် Main Element ဖြစ်လာခဲ့တယ်။
Jimi Hendrix
Captured
Captured album ကတော့ entirely Stanley's design ပါ။ ဒီ artwork ရဲ့ concept ကတော့ Dung Beetle က သူရဲ့ dung (နောက်ချေးလုံး) ထဲမှာ ဥဥပြီးနေတာကို “Captured”နဲ့ချိတ်ပြီး ပြချင်တာလို့ Stanley ကပြောဖူးပါတယ်။
ဒီ artwork မှာ အရင် album တွေမှာ အသုံးများခဲ့တဲ့ red ကို သိပ်မတွေ့ရပဲ blue ပိုကဲထားတာကိုတွေ့ရတယ်။ Element မှာဆိုရင် mobius strip နဲ့ planets တွေဆို ပါကို မလာတော့ဘူး။ Element အကုန်လုံးမပါပေမယ့်လည်း I still like it cuz it can describe the word "captured" in a artistic way.
Escape
The most successful and most iconic one is here, "Escape".
Journey ရဲ့ biggest selling album ဖြစ်တဲ့ "Escape" ကို Stanley Mouse က တစ်ကိုယ်တော် ဖန်တီးပေးခဲ့တယ်။ Escape ဆိုတဲ့ နာမည်အတိုင်း Beetle က သူ့ရဲ့ dung အလုံးထဲကနေ ဖောက်ထွက်လာတဲ့ Concept ကို ယူထားတယ်။ Beetle ကလည်း
အရင်ကလို အတောင်ပံနဲ့မဟုတ်ဘဲ Spaceship နဲ့ တူလာတာ၊ အနောက်က dung လုံးကလည်း planet နဲ့တူနေတာကို တွေ့မိတယ်။ Color ပိုင်းမှာတော့ redနဲ့ blue နှစ်ခုလုံးကို balance လုပ်ပြီးသုံးသွားတာကို တွေ့ရပါတယ်။
ပိုမိုက်တာက Escape ဆိုတဲ့ စာလုံးကို E5C4P3 ဆိုပြီး Leet Language နဲ့ သုံးသွားတာပေါ့။ Leet Language ဆိုတာတော့ internet မှာ အရင်တုန်းက သုံးခဲ့ကြတဲ့ spelling system ပါ။ (ဥပမာ Leet ဆိုရင် 1337 ပေါ့)။ Aesthetic ပိုင်းအနေနဲ့ရော viewer တွေကို decipher လုပ်စေချင်တဲ့ intention ကရော တော်တော်မိုက်တယ်ပြောရမယ်။
Frontiers
Last but definitely not the least, the last pick for me is "Frontiers".
ဒီ Album ကတော့ Mouse ရော Kelley ရော မပါတော့ဘဲ Creative process မှာ ကြိုကြားကြိုကြားပါခဲ့တဲ့ "Jim Welch" ရဲ့ လက်ရာပါ။ နဂို element တွေမပါတော့ဘဲ concept ကို နည်းနည်း shift လုပ်ထားတယ်။ Frontiers အတွက် tunnels တွေကို concept ယူထားပါတယ်တဲ့။ ပြီးတော့ Artwork ထဲမှာပါတဲ့ Alien က တကယ့် Alien ကိုပြောချင်တာမဟုတ်ဘဲ Journey's ရဲ့ သီချင်းတွေကို နားထောင်တဲ့အခါ higher level တစ်ခုခုကို ရောက်သွားတယ်ဆိုတာကို ပြချင်တာပါတဲ့။ And his name is "Elmo". My interpretation is that for Jim, the album is a tunnel that will lead to "Elmo" state.
ပါနေကျ element တွေမပါလို့ Journey ရဲ့ cover ဆိုပြီး အရမ်းမခံစားရပေမယ့် but i think it's a refreshing shift.
ကဲ ဒါတွေကတော့ My collection of Iconic Journey's Album Cover တွေပေါ့နော်။ If any of you guys happens to listen Journeys and loves their album artworks and stuffs, please leave a comment. We are willing to chitty chat chat with you guys on this topic. Hope you guys enjoy reading this. See ya in next session XD!!
K-thanks-bye!