Back to all posts

Creative Bits: S01EP05 : "Fú by China Airbnb"

Chinese New Year 2020 မှာ ထွက်ရှိခဲ့တဲ့ China Airbnb ရဲ့ ပထမဆုံး Animated Ad Campaign ဖြစ်ပါတယ်။

By Khine Pwint Phyu

October 24, 2022

Creative Bits: S01EP05 : "Fú by China Airbnb"

What's up, guys? We are back again! ဒီနေ့ Creative Bits Session မှာ China Airbnb ရဲ့ Fú ဆိုတဲ့ Animation Campaign ‌အကြောင်း နည်းနည်းပြောပြချင်ပါတယ်။

(Btw: Taiko Studios ကို နည်းနည်းပြောပြပေးပါမယ်။ Taiko Studios က former Disney Animator တွေ ထောင်ထားတဲ့ Indie Studio တစ်ခု။ Founder "Zhang Shaofu" ဆိုရင် "Big Hero 6" တို့၊ "Zootopia" တို့လို ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတယ်။ And their first project "One Small Step" was even nominated for Oscar and their animations are pretty cool so you should check them now. The link is here. https://www.taikostudios.com/work.html

တရုတ်လူမျိုးတွေအတွက် Chinese New Year Holiday က ကွဲကွာနေတဲ့မိသားစုတွေ ပြန်ဆုံကြရတဲ့ အရေးပါတဲ့ Holiday ပါ။ ဒါပေမဲ့ ရေမြေခြားပြီး အလုပ်လုပ်‌နေရသူတွေအတွက် နှစ်တိုင်းဆုံနိုင်ဖို့က မလွယ်ပါဘူး။ ဒီ Big idea ပေါ်မှာ အခြေခံပြီးတော့ Chinese Millennials တွေ ‌relate လုပ်နိုင်မယ့် Emotional Film တစ်ခုဖန်တီးဖို့က Main Brief ဖြစ်ပါတယ်။

ဒါကြောင့် "Fú" ကို တရုတ်မိန်းကလေး ‌Jia Jia နဲ့ သူ့မိသားစု‌လေးမှာ တည်ပြီးတော့ Taiko Studios က ဖန်တီးခဲ့တယ်။ ငယ်ငယ်ကတည်းက နှစ်သစ်ကူးတိုင်းမှာ မိသားစုနဲ့ရှိခဲ့ပေမယ့် Jia Jia က အလုပ်များလို့ ဒီနှစ်မှာ အိမ်မပြန်နိုင်ခဲ့ဘူး။ မိဘအိမ်မပြန်နိုင်ရင်တောင်မှ Airbnb ရှိနေရင် Reunion က‌ဖြစ်နိုင်ပါတယ်ဆိုပြီး Story ကို Brand ရဲ့ Value နဲ့ချိတ်ပေးထားတယ်။ ဇာတ်လမ်းရဲ့ Core မှာတော့ Chinese New Year Culture တစ်ခုဖြစ်တဲ့ "Fú" အနီရောင်စာလုံးကို ကံကောင်းမှုတွေလာပါစေဆိုပြီး ပြောင်းပြန်ချိတ်ကြတဲ့ ဓလေ့ကို ယူပြီးတော့ Jia Jia နဲ့ သူအဖေ "Fú" တစ်ယောက်တစ်မျိုးစီ လှည့်ပြီးပြိုင်ချိတ်ကြရာကနေ Story တစ်ပုဒ်လုံးကို develop လုပ်ထားပါတယ်။

ကဲ China Airbnb ရဲ့ "Fú" short Animated Film လေးကို အခုပဲ ကြည့်ကြည့်လိုက်ပါ‌‌နော်။

Fú ကို Taiko ရဲ့ Founder "Zhang Shaofu" နဲ့ Head of Development Andrew Chesworth တို့တွဲဖက် direct လုပ်ထားပြီး 3D Animation but 2D paint brush aesthetic နဲ့သွားထားပါတယ်။

U can see Zhang Shaofu's portfolio here:

https://www.behance.net/shaofuzhang

၃ မိနစ်ခွဲစာအတွင်းမှာ Jia Jia ရဲ့ Childhood၊ Adulthood၊ Struggle နဲ့ Solution လေးခုလုံးကို ကျစ်ကျစ်လစ်လစ်နဲ့ပြနိုင်ခဲ့တယ်။ ဥပမာ - ဇာတ်ကောင်က အိမ်မပြန်နိုင်တဲ့ Struggle ကို အကျယ်တဝင့်ရှင်းပြမနေဘဲ အလုပ်များတဲ့ Nurse ဖြစ်ကြောင်း တစ် scene လောက်နဲ့ပဲ short to the point လုပ်ထားပါတယ်။


ဇာတ်လမ်းကနေရစေချင်တဲ့ Emotion ကိုလည်း အရောင်တွေနဲ့ သေချာဖော်ပြထားတယ်။ မိသားစုနဲ့ တူတူရှိတဲ့ Childhood Scene တွေနဲ့ Reunion Scene တွေမှာ Happiness, Loved, Warmth ကို ပြဖို့ Warm ဖြစ်တဲ့ Color အလင်းတွေ သုံးထားတယ်။ Jia Jia တစ်ယောက် မိသားစုနဲ့ ခွဲရတဲ့ Scene တွေနဲ့ အိမ်မပြန်ရဘဲ တစ်ယောက်တည်းနေရတဲ့ Scene တွေမှာ Cool tone ကာလာအမှောင်တွေ သုံးထားပြီး Loneliness, Sadness ကို ပြထားပါတယ်။ Bokeh effect တွေကိုလည်း Scene တချို့မှာ လိုသလို သုံးသွားတာလည်းတွေ့ရပါတယ်။

Childhood to Adulthood Transition ကို Character တွေရဲ့ Physical Development နဲ့ပဲ အပေါ်ယံပြမသွားဘဲ Time Period Transition နဲ့ ပြသွားတယ်။ 1999 to 2020 Transition ကို ပေါ်အောင် Historically accurate ဖြစ်တဲ့ Visual Element တွေသုံးသွားတယ်။

ဥပမာ- 1999 က Childhood Scene မှာဆို အမေဖြစ်သူ သုံးသွားတဲ့ Camera က 1990s တုန်းက သုံးကြတဲ့ Film Camera တွေ … 2020 Reunion Scene မှာတော့ အခုလက်ရှိသုံးကြတဲ့ Digital Camera ကို သုံးပြထားတယ်။


ဒီမှာဆို ဓာတ်ဘူးလေးကနေ Watercooler ကိုပြောင်းသွားတယ်။ ငယ်ငယ်ကသုံးကြတဲ့ Calendar လေးပါ ထည့်ပေးထားတယ်။


ဖုန်း အမျိုးမျိုးပြောင်းသွားတာတွေ့ရလိမ့်မယ်။


ပြောလက်စနဲ့ Another fav scene လေးကို ပြချင်ပါတယ်။ Jia Jia တစ်ယောက်တည်း ဝမ်းနည်းနည်းနဲ့ လမ်းလျှောက်လာတဲ့ Scene မှာဆိုရင် သူ Lonely ဖြစ်တာကိုပိုပေါ်အောင် ဘေးနားမှာ သူများတွေ မိသားစုကိုယ်စီ၊ အတွဲကိုယ်စီနဲ့ ပျော်နေကြတဲ့ပုံကို ထည့်ဆွဲထားတယ်။ Color ကအစ ဘေးက သုံးသွားတဲ့ Prop တွေအဆုံး အပြစ်ပြောစရာမရှိတဲ့ Scene လို့ထင်မိပါတယ်။


Character Develop ရာမှာလည်း Chinese History ကို ထည့်စဉ်းစားထားပုံပါပဲ။ ဒါကြောင့်လည်း 1980 ကနေ 2016 အထိ အသက်ဝင်ခဲ့တဲ့ China ရဲ့One Child Policy ကို ယူပြီး ဇာတ်ကောင်မိသားစုကို သုံးယောက်ပဲ သုံးထားတယ်လို့ ယူဆမိတယ်။


Landlady အနေနဲ့ သုံးသွားတဲ့ Character က Airbnb ကို represent လုပ်‌နေတယ်လို့ မြင်မိတယ်။ Just like Airbnb, she seems fun, spirited and lighthearted.

Airbnb အိမ်လေးကတော့ လုံးဝအသက်ပါ။ အတူရှိတဲ့နေရာတိုင်းက Home ဖြစ်နိုင်ပါတယ် ဆိုတာကို သုံးထားတဲ့အရောင်တွေကြည့်တာနဲ့ မြင်ရတယ်။ Fairy Light Props လေးတွေ သုံးထားလို့ သူတို့ရဲ့ Reunion Scene ကလည်း ပိုပြီးMagical ဖြစ်သွားတယ်လို့ ခံစားမိတယ်။

Film တစ်‌‌လျှောက်လုံးမှာလည်း ရရင်ရသလို Chinese Culture တွေကို Cooperate လုပ်သွားတာကိုတွေ့နိုင်ပါတယ်။

Bonus: I love how they connect the tagline to the concept of Jia Jia and her dad keep turning around the Fu

"Turn your happiness around" "The reunion you want, happens at Airbnb"

ခြုံပြောရရင်တော့ "Fú" က China Airbnb ရဲ့ Studio အရွေးတော်လို့ တာထွက်ကောင်းခဲ့တဲ့ Animated Ad လို့ ထင်မိတယ်။ သူတို့ရဲ့ Big Idea နဲ့ ပေးချင်တဲ့ Message ကို Taiko က ကောင်းကောင်း deliver လုပ်ပေးနိုင်ခဲ့တယ်။ Taiko အတွက်လည်း "Fú" က သူ့ Potential နဲ့ Capabilty‌ တွေကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့တဲ့ Project တစ်ခု။ ၃မိနစ်ခွဲအတွင်းမှာ Client ပေးချင်တဲ့ Message ကို Story ကျစ်ကျစ်လစ်လစ်နဲ့ပြသွားနိုင်တယ်။ Scene တွေကလည်း အပိုအလိုမရှိလို့ ကြည့်တဲ့သူကို bored မဖြစ်စေဘူး။ ပြီးတော့ Client လိုချင်တဲ့ Brief အတိုင်း Chinese Millennials တွေ relate လုပ်နိုင်တဲ့ Visual ကို Execute လုပ်နိုင်ခဲ့တယ်။ Scene တိုင်းမှာလည်း Taiko ရဲ့ Attention to details ကို မြင်ရတယ်။ သူတို့ Chinese Culture ကို ဘယ်လောက်ပိုင်လဲဆိုတာကို ဒီ သုံးမိနစ်အတွင်းမှာသက်သေပြနိုင်ခဲ့တယ်။ ကြော်ငြာလို့မထင်ရတဲ့ ကြော်ငြာတစ်ခုကို သူတို့ လုပ်ပြနိုင်ခဲ့တယ်။ I love it and i really do believe that you guys will love it too! That's it y'all. Thank you and see you on next blog😉.