Back to all posts

Creative Bits: S01EP04: "Karan Hong from Headspace "

Headspace ရဲ့ Brand Designer တစ်ဦးဖြစ်တဲ့ Karen Hong ရဲ့အင်တာဗျူးကနေတဆင့် Headspace တွက်အရေးပါ‌တဲ့ နောက်ကွယ်က Illustration တွေဖန်တီးပုံအကြောင်းနဲ့ လူတွေကို Storytelling Illustration သုံးပြီး နေ့တိုင်း Meditation လုပ်ဖို့အတွက် ဘယ်လို Motivate လုပ်နေလည်းဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်၊၊

By Nilar Myint

October 7, 2022

Creative Bits: S01EP04: "Karan Hong from Headspace "

What's up my fellow creatives!

ယခုလိုကာလအတွင်းမှာ ကျွန်တော်တို့အားလုံး Mental Health နဲ့ပက်သက်ပြီး ပိုပြီးဂရုစိုက်ဖို့လိုလာဝောာ့ Meditation App တွေတော်တော်များများ ထုတ်လုပ်လာကြတယ်၊၊ဒီထဲမှာ လူအသုံးအများဆုံးကတော့ Headspace နဲ့ Calm ပေါ့၊၊ ကျွန်တော်တို့ဒီအပတ်ရဲ့ Blog ထဲမှာတော့ Headspace ရဲ့ Brand Designer တစ်ဦးဖြစ်တဲ့ Karen Hong ရဲ့အင်တာဗျူးကနေတဆင့် Headspace တွက်အရေးပါ‌တဲ့ နောက်ကွယ်က Illustration တွေဖန်တီးပုံအကြောင်းနဲ့ လူတွေကို Storytelling Illustration သုံးပြီး နေ့တိုင်း Meditation လုပ်ဖို့အတွက် ဘယ်လို Motivate လုပ်နေလည်းဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်၊၊ So, let's dig to it!

THE WHAT

World-class experts တွေဆီကနေ Mindfulness Skills တွေလေ့လာနိုင်မယ်၊၊ Stress Management, Relaxation, Breathing Exercises, Meditation, Sleep စတဲ့အကြောင်းအရာတွေနဲ့ပက်သက်ပြီး နေ့တိုင်းဖုန်းထဲကနေတဆင့် လေ့လာလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို Headspace Application ထဲမှာကြည့်လို့ရမယ်၊၊ တခွန်းထဲပြောရရရင်တော့ ကျွန်တော်တို့နေ့စဉ်ဘဝမှာ Mindfulness နဲ့ပက်သက်ပြီး Guidelines တွေပေးမယ့် Application တခုပေါ့၊၊

HOW

အသက်(၂၀)ကျော်အရွယ် Andy Puddicombe လို့ခေါ်တဲ့လူငယ်ဟာ လူဝတ်လဲပြီး မတူညီတဲ့နိုင်ငံရဲ့ဘုန်းကြီးကျောင်းတွေကို ခရီးလှည့်လည်သွားလာရင်း လန်ဒန်မှာလက်တွေ့ Deep Meditation ပြုလုပ်ခဲ့ပါတယ်၊၊ ဒီလို Physical Practice Meditation တွေအပြီးမှာတော့ Andy ရဲ့ နည်းလမ်းတွေကို Headspace လို့ခေါ်တဲ့ Mindfulness Application အနေနဲ့ပြောင်းလဲခဲ့ပြီး Andyဟာလည်း 70+million users ရှိတဲ့ Headspace ရဲ့ Co-founder တစ်ဦးဖြစ်လာပါတယ်၊၊

WHO

Illustrator တစ်ဦးဖြစ်တဲ့ Karen Hong ကတော့ 2017 ကစပြီးတော့ Illustrator အနေနဲ့ Headspace Team ကိုဝင်ရောက်ခဲ့ပြီး ယခုဆိုရင် Headspace Application ထဲမြင်ရတဲ့ Course တွေကိုဖန်တီးပေးနေတဲ့ အမျိုးသမီး Brand Illustrator တစ်ဦးဖြစ်နေပြီဖြစ်ပါတယ်၊၊

WHY ILLUSTRATIONS

Illustrations တွေက မည်သူမဆိုနားလည်နိုင်တဲ့ universal language တစ်ခုဖြစ်ပါတယ်။ Illustration တွေက ဘာသာစကား မတူညီတဲ့ barrier ကို ကျော်လွန်ပြီး communicate လုပ်နိုင်တဲ့အပြင် နားလည်ရလွယ်တာကြောင့် Meditation, Mental Health နဲ့ပက်သက်ပြီး အခုမှစပြီးလုပ်မယ့် Beginners ‌တွေအနေနဲ့လည်း ဒီ mindfulness journey ကို အလွယ်တကူချဉ်းကပ်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ Illustration တွေဟာ Headspace Brand ရဲ့ Foundation ဖြစ်လာပါတယ်။

CREATIVE CHALLENGE

Headspace ရဲ့ illustration တွေက ပုံမှန်ကြည့်လိုက်ရင်တော့ သာမန် very simple shape တွေကိုသုံးပြီး ဖန်တီးတာတာဖြစ်ပါတယ်။ ဒါပေမယ့် Headspace Illustrator တွေအနေနဲ့ လူတွေကို Illustration ကနေတဆင့် နေ့တိုင်း Meditation လုပ်ဖို့ ပိုပြီး ဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ စိတ်ဝင်စားစရာခေါင်းစဉ်တွေကနေတဆင့် ဆွဲဆောင်နေရတာကြောင့် လူတွေရဲ့အမြင်မှာတော့ ချစ်စရာကောင်းတဲ့ Smiley faces တွေဆွဲနေတယ်ထင်ရပေမယ့် တစ်ကယ်တော့ Challenge တစ်မျိုးပါပဲလို့ Karen ကအင်တာဗျူးတစ်ခုမှာဖြေပါတယ်၊၊

THE VISUAL COMMUNICATION

Headspace အနေနဲ့ Application အတွက် Visual Element တွေဖန်တီးတဲ့အခါ Meditation နဲ့ပက်သက်ပြီး Keyword တစ်ခုကိုအရင်ဆုံး Google မှာရှာလိုက်တယ်၊၊ ဒီနောက်မှာတော့ လူပုံမပါလည်း Illustration ရဲ့ Colour နဲ့ Emotion တွေကနေတဆင့် Meditation နဲ့ Relatable ဖြစ်စေမယ့် Visuals တွေကိုဖန်တီးခဲ့ပါတယ်၊၊

ဥပမာအနေနဲ့ " Anger " လို့ ကျွန်တော်တို့ရှာကြည့်လိုက်တဲ့အခါ ပုံထဲကလို လူတစ်ယောက်မျက်မှောင်ကြုပ်ရင်း ခေါင်းကိုကိုင်ပြီးဒေါသထွက်နေတဲ့ပုံ ပေါ်လာမယ်ဆိုပါစို့... Headspace Illustration အနေနဲ့ပြန်လည်ဖန်တီးတဲ့အခါမှာတော့ လူပုံမဟုတ်တဲ့ Relatable Visual တစ်ခုဖန်တီးလိုက်တယ်၊၊ နောက်ပြီး ဒေါသဖြစ်နေတဲ့ပုံကိုပိုမိုထင်ရှားစေဖို့ Steam, Stars, Lightning bolts တွေအသုံးပြုပြီး ဒေါသထွက်လာတဲ့အခါ ထွက်ပေါ်လာတတ်တဲ့ ပေါက်ကွဲသံတွေ၊ စိတ်ရှုပ်တာတွေကို ဖော်ပြသွားတယ်၊၊ ဒေါသထွက်ပြီး ရန်တွေ့နေတဲ့ပုံပေါ်လွင်စေဖို့ ပါးစပ်နဲ့ လက်သီးပုံကို အထင်ရှားဆုံးဖြစ်အောင်ပြထားတယ်၊၊

ဒါကြောင့်လည်း Headspace Illustration တွေက သာမန်လူပုံတွေထက် ပိုပြီးထင်ထင်ရှားရှားမြင်နိုင်မယ့် Stereotypical Portrait Shot တွေဖြစ်လာခြင်း ဖြစ်ပါတယ်၊၊

NOTABLE CREATIVES

Headspace Breathers Video Series

2021 မှာတော့ Google နဲ့ Headspace Health တို့ပူးပေါင်းပြီး Pandemic ကြောင့်လူတွေအပြင်မထွက်နိုင်ဘဲ အိမ်ထဲပဲနေရတဲ့အချိန် အိမ်ထဲမှာ Meditationနဲ့ Mindfulness လုပ်နိုင်ဖို့တွက်ရည်ရွယ်ပြီး အပိုင်း(၇)ပိုင်းပါဝင်တဲ့ Headspace Breathers Video Series ကိုထုတ်လွှင့်ခဲ့ပါတယ်၊၊

ဒီ Series မှာ တော့ Headspace အနေနဲ့ Kid-friendly Animation တွေ၊ Illustration တွေအသုံးပြုပြီး Mindfulness Expert Snowden ကနေတဆင့် ကလေးတွေရော၊ အုပ်ထိန်းသူမိဘတွေပါ ပါဝင်လုပ်ဆောင်‌နိုင်အောင် ဖန်တီးခဲ့တာကြောင့် သားသမီးတွေရဲ့စိတ်ကျန်းမာရေးကိုဂရုတစိုက်စောင့်ကြည့်လေ့လာနေတဲ့ မိဘတွေကြားလည်း ရေပန်းစားခဲ့ပြီး #1 for Kids နေရာနဲ့ 35 million kid viewers each week ထိရရှိခဲ့ပါတယ်၊၊ ဒါကြောင့် Karen ဦးဆောင်ခဲ့တဲ့ ဒီ Headspace Breathers Partnership ဟာလည်း အတော်လေး အောင်မြင်မှုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်၊၊

PERSONAL THOUGHTS

Headspace Illustration တွေက Unique ဖြစ်တယ်၊၊ ရိုးရိုးရှင်းရှင်းနဲ့ ပေးချင်တဲ့ message ကို ရောက်အောင်ပေးတယ်။ Characterကရိုးရှင်းတော့ အရောင်တွေ expression နဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်အောင်ပြပေးတယ်။

Creative idea ကောင်းတယ်။ Character တိုင်းကိုဆွဲထားတဲ့ Color, Shape, Line တွေကအစ သေချာပေါင်းစပ်ထားတာ‌ကိုတွေ့ရတယ်၊၊ ဥပမာ Breathing exercise လိုဟာမျိုးမှာဆိုရင် expression ကို reduce ဆိုတဲ့အတိုင်း ပေါ်လွင်အောင်ပြနိုင်ပီး stress ကိုဆိုရင် အနီရောင်အမြင့်ဆုံးကနေ တဖြည်းဖြည်း လျော့သွားတယ်ဆိုတဲ့ message မျိုးပေါ်အောင် colorနဲ့ပြတယ်။

ကျွန်တော်တို့ပိုသတိထားကြည့်မယ်ဆိုရင် Character တွေကို Sharp Edges မပါတဲ့ Free Flow Curve တွေကိုသာသုံးထားတာ တွေ့ရလိမ့်မယ်၊၊ ဒါကတော့ emotionally hook ဖြစ်အောင် ဖန်တီးတာနဲ့တူတယ်။ Cos people tend to feel the warmth and more secure from round/soft curves and edges, I guess.

Meditation for parents ဆိုရင်လဲ မိဘနဲ့ကလေးကိုပြထားပြီး တခြား အဝိုင်း၊ လေးထောင့်စတဲ့ elements တွေဟာ မိဘတို့ရဲ့ လူပ်ငန်းတာဝန်ကိုရည်ညွှန်းတယ်လို့မြင်တယ်။

How to cope with change ဆိုရင် အပြောင်းအလဲကို သစ်ပင်တစ်ပင်ရဲ့ ရွက်ဟောင်းကြွေရွက်သစ်ဝေစတိုင်ကိုတွေ့ရတယ်။Ideaအရမ်းမိုက်တယ် အရောင်နဲ့ပဲ အသစ်နဲ့အဟောင်းကိုခွဲပြထားတယ်။

Breathing exercise for better sleep ကတော့ အရောင်ကို ညဘက်ဖစ်တဲ့အတွက်ညဘက်အရောင်ဖစ်အောင်သုံးထားတယ်။

ဆိုတော့ခြုံပြီးပြောရရင် ရိုးရိုးရှင်းရှင်းနဲ့ပဲ ပေးချင်တဲ့ message, ပြချင်တဲ့ visual ကိုပေါ်လွင်အောင် creation ကောင်းကောင်းလေးနဲ့ communicate လုပ်နိုင်တဲ့ နွေးထွေး‌ဖော်ရွေတဲ့ Inclusive Space တစ်ခုလို့ခံစားရစေတယ်ထင်ပါတယ်။

ကမ္ဘာတစ်လွှားက Illustration/ Art focused ဖြစ်တဲ့ ရှယ်မိုက်တဲ့ campaign တွေ၊ Visual identity တွေ၊ နောက်ပြီး Creative တွေရဲ့ thinking process တွေ၊ Brief breakdown တွေကို ပြန် Share မယ့် (တစ်ခါတစ်လေတော့ ကိုယ်အထင်အမြင်တွေနည်းနည်းပါမယ့်) " 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗕𝗶𝘁𝘀 " Blog Series ဖြစ်ပါတယ်၊၊

If you enjoyed this blog, please share it with your fellows who might be interested. Like and follow our page to keep up with an upcoming topics.

K-thanks-bye!

Reference:

https://blush.design/blog/post/headspace-mindfulness-app

https://raw.studio/.../how-headspace-designs-for.../

https://dribbble.com/resources/headspace-hiring

https://shortyawards.com/14th/headspace-breathers