Back to all posts

Creative Bits: S01EP03 "Butcher Billy's Stranger Things"

The Stranger Things Season 4 ကို Promote လုပ်ရာမှာ တော်တော်လေး Hype ဖြစ်သွားတဲ့ Poster တွေရဲ့ နောက်ကွယ်က creative process အကြောင်းဖြစ်ပါတယ်။

By Nilar Myint

October 5, 2022

Creative Bits: S01EP03 "Butcher Billy's Stranger Things"

Hello again, my fellow creatives!

ဒီတစ်ခေါက် " 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗕𝗶𝘁𝘀 " Blog Series ရဲ့ Third Blog အနေနဲ့ ဆွေးနွေးသွားမှာကတော့ The Stranger Things Season 4 ကို Promote လုပ်ရာမှာ တော်တော်လေး Hype ဖြစ်သွားတဲ့ Poster တွေရဲ့ နောက်ကွယ်က creative process အကြောင်းဖြစ်ပါတယ်။ ဒီ Poster တွေကို Brazilian Illustrator - Butcher Billy က ဖန်တီးခဲ့တာဖြစ်ပါတယ်။

Who's Butcher Billy

အရင်ဆုံးအနေနဲ့ အမိုက်စားလက်ရာတွေဖန်တီးခဲ့တဲ့ Butcher Billy အကြောင်းအနည်းငယ်မိတ်ဆက်ပေးပါမယ်၊၊ Billy က Brazil နိုင်ငံသား Illustrator/ Graphic Designer တစ်ဦးဖြစ်ပြီး Contemporary pop art movement အပေါ်အခြေခံပြီး ဆွဲထားတဲ့ art piece တွေကြောင့် creative တွေကြားမှာ နာမည်ရှိသူတစ်ဦးဖြစ်ပါတယ်၊၊Billy ဟာ Netflix ရဲ့ Queen's Gambit, Cobra Kai, Black Mirror စတဲ့ TV show တွေရဲ့ promotional material တွေကိုလည်း ဆွဲပေးနေကျ ဖြစ်ပါတယ်။ 2017 မှာ Stranger Things Season 2 ကို inspiration ယူပြီး Strange Tales ဆိုတဲ့ personal project တစ်ခုလည်း ဖန်တီးခဲ့ပါသေးတယ်။

BEGINNING

Netflix, Marvel တို့လိုနာမည်ကြီး Platform တွေနဲ့ အလုပ်တွေတွဲလုပ်နေကျဖြစ်တာကြောင့် ဒီ show တွေကနေတဆင့် ဒါမှမဟုတ် သူ့ရဲ့ Strange Tales ကနေ Duffer Brothers တွေကလည်း လက်ရာတွေကို သဘောတွေ့ထားပုံရပါတယ်။ ဒီလိုနဲ့ 2022 February မှာတော့ Nextflix ရဲ့ Social Media Agency ကနေတဆင့် Billy ကို Stranger Things Season 4 Posters တွေဆွဲပေးဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်၊၊

FUN FACT ABOUT POP ART

Contemporary pop art movement တစ်နည်းအားဖြင့် Pop Art Style ဆိုတာက 1950 လောက်ကစပြီး UK, US တို့မှာ နာမည်စကြီးခဲ့ပါတယ်။ သာမန်နေ့စဥ်သုံးပစ္စည်းတွေ၊ celebrities, cartoons, iconic comic book character တွေကို လုံးဝ bold ဖြစ်တဲ့ primary color တွေနဲ့ ဖော်ပြတာက Pop art style ရဲ့ ထင်ရှားတဲ့အချက်ဖြစ်ပါတယ်။

BRIEF

Stranger Things Season (4) မှာပါတဲ့ အပိုင်း(9)ပိုင်းတိုင်းရဲ့ element တွေ၊ iconic ဖြစ်တဲ့ symbol တွေ scene တွေကို အခြေခံပြီး Poster ဖန်တီးပေးရမှာပါ။ Poster တွေက Chapter တိုင်းရဲ့ teaser လိုမျိုးဖြစ်မယ်၊ ဒါပေမယ့် plot လည်း ပေါ်မသွားရဘူး။ ခပ်ပါးပါးလေး Tease ပြီး Poster မြင်လိုက်တဲ့သူတိုင်း အဆုံးသတ်ကိုကြည့်ချင်လာအောင် ဆွဲဆောင်ပေးမယ့်သဘောမျိူးနဲ့ Theme ကတော့ 80s-style movice poster မျိုးဖြစ်ပြီးတော့ သာမန်မြင်နေကျ poster ထဲမှာလိုမျိုး character တွေအကုန်စု၊ ဟိုကြည့်၊ ဒီကြည့်၊ ဟိုလန့်၊ ဒီလန့်လိုမျိုး မဖြစ်ဖို့ဆိုပြီး briefing ပေးလိုက်ပါတယ်။

CREATIVE

Billy အနေနဲ့ The Stranger Things Season 4 ရဲ့ Early Screenings တွေကို အကြိုကြည့်ခွင့်ရခဲ့ပြီး အပိုင်းတစ်ပိုင်းဆီမှာပါတဲ့ Characters တေွရဲ့ Impactful Quotes တွေကိုရွေးချယ်ခဲ့ပါတယ်၊၊ ဒီနောက်မှာတော့ Quotes တွေကိုအခြေခံပြီး တစ်ပိုင်းချင်းစီရဲ့ Character တစ်ခုစီအတွက် Dark Fantasy ဘက်ကိုအသားပေးတဲ့ Typography အနေနဲ့ရေးဆွဲခဲ့ပါတယ် ၊၊ Billy ဟာ Stephen King Book Cover အပါအဝင် 1980s ကိုပြန်လည်လွမ်းဆွတ်သတိရစေမယ့် Horror Movie Posters, Vintage Book Covers စတာတွေကိုအခြေခံပြီး သူ့ရဲ့ Ideas တွေကို ဦးစွာလက်နဲ့ချဆွဲခဲ့ပါတယ်၊၊ ဒီ့နောက်မှသာ Illustrator, Photoshop တို့ကိုသာအသုံးပြုပြီး Posters (9)ခုလုံးကို ရေးဆွဲခဲ့တာဖြစ်ပါတယ်၊၊ ဒီအချက်တွေကြောင့်လည်း Stranger Things Season 4 Posters တွေဟာ Characters တွေပါဝင်တဲ့ Typical Promo Posters ထက် အမိုက်စားဆွဲဆောင်မှုတွေပါဝင်နေတာဖြစ်ပါတယ် ၊၊

THE HYPE

ကနဦးအစက The Stranger Things Season 4 Movie Posters Social Media Campaign အတွက်ပဲအသုံးပြုမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် စတင်ထုတ်လုပ်တည်းက Stranger Things Instagram Account တစ်ခုတည်းကနေတင် hundreds of millions of views ရရှိခဲ့တာကြောင့် Netflix Online Shop တွေကနေ Butcher Billy T - shirts, Sweatshirts နဲ့ Hoodies စတဲ့ Merchandise Products line တွေအများအပြားထုတ်ရောင်းရတဲ့အထိကို ကမ္ဘာအနှံ့ အောင်မြင်မှုများစွာရရှိခဲ့ပါတယ်၊၊

The Stranger Things Season 4 Posters တွေကို Social မှာတင်မကဘဲ OOH အနေနဲ့ Billboards နဲ့ events တွေမှာလည်း အောင်မြင်မှုရခဲ့ပါသေးတယ်၊၊Illustration လောကရဲ့သမိုင်းပြယုဂ်တစ်ခုလို့ကို တင်စားနိုင်လောက်တဲ့အထိကိုအောင်မြင်တဲ့ Creative Posters တွေလို့ဆိုနိုင်ပါတယ်၊၊

Favorite Artwork of Billy

Artwork illustrator ဖြစ်တဲ့Billy ကတော့ Dear Billy နဲ့ The Piggyback ကိုအကြိုက်ဆုံးအနေနဲ့ရွေးထားပါတယ်၊၊အကြောင်းအရင်းကတော့ Background music တွေနဲ့ စိတ်လှုပ်ရှားစရာအခန်းတွေကြောင့်ပါတဲ့၊၊

THOUGHTS

Personally ကျွန်တော့်အနေနဲ့ကတော့ Venca's Curse ကိုအကြိုက်ဆုံးပါပဲ၊၊

Basic Color တွေကိုပဲအဓိကသုံးပြီးဆွဲထားတဲ့အပြင် အဓိကအရောင်အနေနဲ့ အရောင်(3)မျိုးသာပါဝင်တာကိုတွေ့ရမှာပါ၊၊ Venca ရဲ့ Character ကိုဖော်ပြတဲ့အခါမှာလည်း 1980 Vibes ပေါ်လွင်စေတဲ့အပြင် Venca ရဲ့အဓိကကျတဲ့ မျက်လုံးကိုအသားပေးရေးဆွဲထားတာကလည်း Details ကျလွန်းပါတယ်၊၊ Billy ရဲ့ Posters တိုင်းမှာတူညီတဲ့ Color Palette ကိုအသုံးပြုပြီး Series ဆိုတဲ့အချက်ကိုပေါ်လွင်စေတာရယ်၊ 90s ကိုပြန်လည်အမှတ်ရစေမယ့် Vivid Colorတွေကိုအသုံးပြုထားတာရယ်၊ Color Splash တွေကြောင့်လည်း Poster တိုင်းကြည့်လိုက်တာနဲ့ What's Happening Here ဆိုတာကိုသိသာစေတယ်လို့မြင်မိပါတယ်၊၊

ကမ္ဘာတစ်လွှားက Illustration/ Art focused ဖြစ်တဲ့ ရှယ်မိုက်တဲ့ campaign တွေ၊ Visual identity တွေ၊ နောက်ပြီး Creative တွေရဲ့ thinking process တွေ၊ Brief breakdown တွေကို ပြန် Share မယ့် (တစ်ခါတစ်လေတော့ ကိုယ်အထင်အမြင်တွေနည်းနည်းပါမယ့်) " 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗕𝗶𝘁𝘀 " Blog Series ဖြစ်ပါတယ်၊၊ Check out the links below if you missed previous episodes and If you enjoyed this blog, please share it with your fellows who might be interested. Like and follow our page to keep up with an upcoming topic. K-thanks-bye!

Reference:

(1) https://www.boredpanda.com/stranger-things-4-x.../

(2) https://www.illustrationx.com/.../inside_out_stranger