What up, people?! ‘Creative Bits” blog series ရဲ့ အပိုင်း(၂) ဖြစ်ပါတယ်။ ဒီ blog အကြောင်းမသိသေးတဲ့သူတွေအတွက် quick recap လေးလုပ်ရမယ်ဆိုရင် ဒီ blog series က ကမ္ဘာတစ်လွှားက illustration/art focused ဖြစ်တဲ့ ရှယ်မိုက်တဲ့ campaign တွေ၊ visual identity တွေ၊ နောက်ပြီး creative တွေရဲ့ thinking process တွေ၊ brief breakdown တွေကို ပြန် Share မယ့် (တစ်ခါတစ်လေတော့ ကိုယ်အထင်အမြင်တွေနည်းနည်းပါမယ့်) blog ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ Oreo ဆိုတဲ့ cookie brand ရဲ့ “Play with Oreo” ဆိုတဲ့ campaign အကြောင်းပြောခဲ့ပါတယ်။
Alright, enough with the recap. ဒိီနေ့ Blog ကတော့ 2015 တုန်းက Hong Kong မှာ ပြုလုပ်သွားတဲ့ Nike ရဲ့ အကြား၊ အမြင်၊ အနံ့ ၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံ ငါးပါးကို Art piece တွေမှာထည့်ပြီး ပြသသွားတဲ့ Air Max Day ဆိုတဲ့ Campaign အကြောင်းဖြစ်ပါတယ်။ But first things first, let’s learn the history.
HISTORY
Campaign က Air Max Day ကို celebrate လုပ်ဖို့အတွက် run ခဲ့တာဖြစ်ပါတယ်။ Air Max Day ဘယ်လိုဖြစ်လာရလဲ ဆိုရင် လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကစပြီးတော့ ဖိနပ်ရဲ့ sole မှာ air bag ထည့်ထားတဲ့ ဖိနပ် (Air Max) ကို Nike က စပြီးတော့ မိတ်ဆက်ခဲ့တယ်။ ဒီ ဖိနပ်တွေက ဘယ်လောက်ထိ hit ဖြစ်သွားလဲဆိုတော့ နှစ်တိုင်း March လမှာ Air Max Model အသစ်ထွက်တယ်။ Model အသစ်မိတ်ဆက်တဲ့နေ့ကို Air Max Day လို့ပါသတ်မှတ်ရလောက်တဲ့အထိ fans တွေရဲ့ အားပေးမှုကိုရခဲ့တယ်။
CAMPAIGN
ဒီ Campaign ကို တာဝန်ယူခဲ့တာကတော့ Ogilvy and Mather Group Hong Kong ဖြစ်ပါတယ်။ Theme ကတော့ နှစ် ၄၀ ကျော် Air Max တွေရဲ့ အဆင့်ဆင့် evolution ကိုဖော်ပြဖို့ ဖြစ်ပါတယ်။ ဆိုတော့ “Step Back in Time” ဆိုပြီးတော့ Event တစ်ခု ကျင်းပခဲ့တယ်။ Nike ရဲ့ personality ဖြစ်တဲ့ innovation and creativity ဆိုတဲ့ position လည်းဝင်အောင်၊ နောက်ပြီး Step Back in Time ဆိုတဲ့ Theme လည်းပေါ်အောင် Hong Kong က Artist ၄ ယောက်နဲ့ Collab လုပ်လိုက်တယ်။ ဒီ Event ရဲ့ ထူးခြားချက်က Art, Tech, Feeling and Emotions ကို ပေါင်းစပ်ထားတဲ့ Interactive Installation Event ဖြစ်တယ်ဆိုတာပဲ။
အရင်ဆုံး ရိုးရိုးလေးပဲ တွေးကြည့်ရအောင်။ အရင်ခေတ်ကိုနည်းနည်း reflect လုပ်ချင်တယ်၊ History လေးလည်းပြချင်တယ်ဆိုရင် campaign key visual ပုံကို vintage/retro theme လေးဆွဲမယ်၊ Event မှာ ဒီ Air Max Model တွေကို theme နဲ့လိုက်အောင် showcase ကောင်းကောင်းလေးပြမယ်။ ဒီလောက်ထိပဲ စစချင်းမှာ တွေးမိလောက်မယ်။ ဒါပေမယ့် ဒီလို လူတိုင်းတွေးမိနေတာလေးနဲ့ပဲ market လုပ်မယ်ဆို ဘယ်လိုလုပ် audience ရဲ့ attention ကိုရတော့မလဲ၊ Brand ရဲ့ personality ဖြစ်တဲ့ ကျနော်တို့က creative ဖြစ်ပါတယ်၊ Innovative ဖြစ်ပါတယ်ဆိုတာလည်း ဘယ်ပေါ်တော့မလဲ။ အဲ့တော့ ဒီ Artist တွေရဲ့ ရုပ်သေ illustration တွေကို tech အကူအညီနဲ့ ဒီနေရာလေးထိလိုက်ရင်တော့ ဘယ်လိုလေးခံစားရမယ်၊ ဒီနေရာမှာ ဒီလိုလေးလုပ်ရင် ဒီအသံကြားရမယ်၊ ဒီ taste လေးရမယ် စသည်ဖြင့် ပေါင်းစပ်လိုက်ပြီး Hong Kong ရဲ့ culture ကို Air Max ရဲ့ evolution နဲ့အတူတူ grow up ဖြစ်လာတဲ့ experience ကိုပေးလိုက်တာကတော့ လုံးဝကို mind-blown creativity ပါပဲ။ Campaign ရဲ့ tagline ကတော့ “There is a Hong Kong story in every Air Max” ဖြစ်ပါတယ်။
Now let’s get to the brief.
BRIEF
ကြိုက်တဲ့ Air Max Model တစ်ခုကိုရွေးပြီးတော့ Hong Kong မြို့ရဲ့ story ကို illustrate လုပ်ဖို့ပါ။ Step Back in Time ဆိုတဲ့အတိုင်း Hong Kong မြို့ကလူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အမှတ်တရတွေ၊ (ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် 90s ကို ပြန်တမ်းတသလိုပေါ့)...အဲ့လို Story တွေ Memory တွေကို Air Max နဲ့ ပေါင်းစပ်ပြီး Present လုပ်ခိုင်းတာ။ There is a Hong Kong story in every Air Max ဆိုတဲ့ line ကိုပါ back-up လုပ်တာပေါ့။ ဒီ brief ပေါ်မူတည်ပြီးတော့ artist တွေက အခုလို မိမိုက်နေတဲ့ concept တွေနဲ့ အကောင်းဆုံး ပုံဖော်လာကြတယ်။
Artist တွေရဲ့ ရုပ်သေ illustration တွေကို tech အကူအညီနဲ့ ဒီနေရာလေးထိလိုက်ရင်တော့ ဘယ်လိုလေးခံစားရမယ်၊ ဒီနေရာမှာ ဒီလိုလေးလုပ်ရင် ဒီအသံကြားရမယ်၊ ဒီ taste လေးရမယ် စသည်ဖြင့် ပေါင်းစပ်လိုက်ပြီး Hong Kong ရဲ့ culture ကို Air Max ရဲ့ evolution နဲ့အတူတူ grow up ဖြစ်လာတဲ့ experience ကိုပေးလိုက်တာကတော့ လုံးဝကို mind-blown creativity ပါပဲ။
THOUGHTS
ဒီ creative တွေမှာ personally အမြင်ကတော့ အကြား၊ အမြင်၊ အနံ့ ၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံ ငါးပါးကို Art piece တွေမှာထည့်ပြီးပြသွားတာက အသက်ပဲလို့ထင်တယ်။ Artist တွေအနေနဲ့ သူတို့ရတဲ့ brief အတိုင်း စိတ်ကြိုက် Air Max ကိုရွေးပြီး Hong Kong culture ကို သေချာပြထားတာကိုတွေ့ရတယ်။ Culture အကြောင်းတော့ သေချာမသိတော့ (inside joke တွေမသိသလိုပေါ့) ကျွန်တော့ အနေနဲ့ အဲ့အပိုင်းမှာ သေချာတော့ catch up မမိဘူး။ ဒါပေမယ့် သူတို့ရဲ့ ပေးချင်တဲ့ message၊ ပြချင်တဲ့ နေရာကို ဘယ်လောက်ပဲ ရှုပ်နေပါစေ သေချာမိအောင်ပြသွားတာကိုတော့ လေးစားမိပါတယ်။
ဒီပုံမှာဆို Neon တွေကို စုံနေအောင်သုံးထားပေမယ့် မြင်ရတဲ့လူအတွက် မျက်စိပြာမသွားဘဲ သဟဇာတဖြစ်တယ်၊ Personally အမြင်ကတော့ China Town ကို စိတ်ထဲ တန်းပေါ်လာတာပါပဲ။
Sense ၅ ခုကို လိုက်ဖက်အောင် ထည့်သွင်းပေးထားတာကိုက Artist ကလည်း Brief ကို သေချာနားလည်တယ် ဒီ creative ကို direct လုပ်တဲ့ creative director ကလည်း လိုချင်တဲ့ပုံဖြစ်အောင် သေချာပြောပြနိုင်လို့ လို့ ထင်မိတယ်။ ရသအမြင်နဲ့သာမက ဘက်ပေါင်းစုံကနေ အနုပညာကို ခံစားနိုင်အောင် Creative အချင်းချင်း အတွဲညီညီ သေချာဖန်တီးတဲ့ Campaign ကောင်းတစ်ခုဖြစ်လို့ သဘောကျမိပါတယ်။
PERSONAL FAVOURITE
My favourite piece? Ah To ရဲ့ Air Max 97 ပါ။
ဘာလို့လဲဆိုတော့ 97’ piece က ကျွန်တော့ရဲ့ favourite air max model ဖြစ်တာတစ်ကြောင်း၊ နောက်ပြီး ဒီ piece က 2015 ထဲက ဖန်တီးခဲ့တာဆိုပေမယ့် ခုပြန်ကြည့်တာတောင် တော်တော်လေး innovative ဖြစ်သလိုပဲ၊ concept ဘာညာကအစပေါ့။ Character လေးက အနာဂတ်ကမ္ဘာအသစ်ကို လှမ်းကြည့်နေတာနဲ့တူသလို၊ အတိတ်က memories တွေကို ပြန်ကြည့်နေတာနဲ့လည်း ပုံစံနှစ်မျိုး တွေးကြည့်လို့ရတဲ့ ပုံလို့ ခံစားမိတယ်။ နောက်ပြီး ဘယ်ဖက်ထောင့်မှာပါတဲ့ မျောက်။ အဲ့ဒီမျောက်က 2015 တုန်းကတည်းက ထည့်ဆွဲထားတာဆိုပေမယ့် ပြန်ကြည့်လိုက်တော့ အခုခေတ်မှာ နာမည်ကြီးနေတဲ့ NFT Bored Ape vibe နဲ့ဆွဲထားတာမျိုးတောင်ဖြစ်နေတယ်။ ချုံပြောရရင် အရမ်းမိုက်တယ်၊ တွေးစရာလည်းများတယ်၊ Favourite air max လည်းဖြစ်တာကြောင့် ဒီပုံကတော့ အကြိုက်ဆုံးပါပဲ။
ဒီလောက်ပါပဲ။ နောက် Blog မှာတော့ Netflix ရဲ့ အဆန်းကြီးတွေအကြောင်းရေးပါမယ်။
If you enjoyed this blog, please share it with your fellows who might be interested. Like and follow our page to keep up with an upcoming topic. K-thanks-bye!
References
Photo Courtesy of John Kay.
https://johnkoay.com/nike-air-max-day-step-back-in-time
https://campaignbriefasia.com/2015/06/02/nike-air-max-day-hong-kong-ste-1/